Arckharer High School Notes

Arckharer
Arckharer ဆိုတာ "အက္ခရာ" ဆိုတဲ့ မြန်မာဝေါဟာရကို အဆင်ပြေသလို အင်္ဂလိပ်စာလုံးနဲ့ ရေးထားတာပါ။ မြန်မာနိုင်ငံပညာရေးနဲ့ဆိုင်တဲ့ စာပေတွေ၊ ပညာရေးအထောက်အကူပြုစာတွေ အင်တာနက်မှာ ရှိနေဖို့ တစ်ဖက်တစ်လှမ်းကနေရေးသားတင်ဆက်ပေးပါတယ်။ မြန်မာနိုင်ငံ ပညာရေးစနစ်နဲ့ ကိုက်ညီပြီး မည်သူမဆို အခမဲ့ဝင်ကြည့်နိုင်တဲ့ အွန်လိုင်းစာလေ့လာစရာ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။
ပညာရပ်ဆိုင်ရာ စာတွေကို အွန်လိုင်းမှာ လွှင့်တင်ထားဖို့အတွက် ကုန်ကျစရိတ် ရှိပါတယ်။ ဒီအတွက် စာရေးသူမှ စိုက်ထုတ်ထားတာ ရှိသလို ကြော်ငြာရှင်တွေရဲ့ ပံ့ပိုးကူညီမှုလည်း ရှိပါတယ်။ လူကြီးမင်းတို့ရဲ့ လုပ်ငန်းအမှတ်တံဆိပ်ကို မြန်မာတွင်သာမက Arckharer.com ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုတဲ့ ကမ္ဘာ့တစ်နေရာက ဧည့်ပရိသတ်တွေ သတိထား သိရှိ မှတ်မိနေစေဖို့ တစ်ခါတစ်ခေါက် လာရောက်ကြော်ငြာရင်း ပညာဒါနအလှူလုပ်ကြည့်ကြဖို့ အစဉ်ဖိတ်ခေါ်ပါတယ်။

အစီအစဉ် ရေးသားတင်ဆက်မှုအတွက် ဒီဝက်ဘ်ဆိုက်မှာ ကြော်ငြာထည့်ခြင်းနည်းလမ်းနဲ့ ပံ့ပိုးကူညီနိုင်ပါတယ်။ ပံ့ပိုးကူညီဖို့အတွက် khumgong@yahoo.com ကိုဖြစ်ဖြစ်၊ Facebook စာမျက်နှာ မှာဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်။ ကြော်ငြာကို Arckharer.com ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာတွေမှာ တစ်နှစ်ပတ်လုံး ထည့်သွင်းပြသပေးထားမှာဖြစ်တာကြောင့် လုပ်ငန်းလိပ်စာ၊ ကုမ္ပဏီပရိုဖိုင် စတာတွေကို ပြသထားဖို့ သင့်တော်ပါတယ်။ ထည့်သွင်းလိုတဲ့ လုပ်ငန်းအချက်အလက်တွေကိုလည်း ရေးသားပေးပါတယ်။